Quantum Computers?

Img1

Moore's Law အရ ကျွန်တော်တို့ computer ရဲ့လုပ်ဆောင်နိုင်စွမ်းက ၁၈လတိုင်းမှာ ၂ဆဖြစ်ပါတယ်။ ဒါပေသိနောက်၁၀နှစ် နှစ်၂၀သာကြာလာခဲ့ရင်အဲ့တာကပျောက်သွားနိုင်ပါတယ်။ ကျွန်တော့်တို့လက်ရှိ computer တွေက silicon powering computer တွေပါ။ ဒီ silicon era ကနောင်တချိန်ကရင် Quantum computers တွေနဲ့အစားထိုးသွားနိုင်ပါတယ်။
ဒီမှာ programmer တွေအတွက်တကယ့် ပြသနာစတာပဲ။ Quantum computer တွေဆိုတာ architecture ကအစ Silicon powering တွေနဲ့မတူပါဘူး။ Architecture မတူတဲ့အတွက် programming ကလဲမတူတော့ပါဘူး။

လက်ရှိမှာ program တစ်ပုဒ်ရေးပြီဆို CPU တစ်ခုကိုဘယ်လိုလုပ်ဆောင်မလဲဆိုတာအမိန့်ပေးတာပါပဲ။ အလွယ်မှတ်ရရင် Input > Processing > Output ဒါကို Tearing Machine လို့လဲခေါ်ပါတယ်။ နောက်လက်ရှိ Architecture မှာ bit ဆိုတဲ့ 0 & 1 ပဲရှိပါတယ် သို့သော် Quantum Computer မှာက Quantum Bits (Qubits) ဆိုတာရှိပါတယ်။ သူက 0 & 1 ပဲမပာုတ်ပါဘူး သုညနဲ့တစ်ကြားက နံပတ်တွေကလဲဖြစ်နိုင်ပါတယ်။ ဆိုတော့ Quantum Computers တွေကို program သာရေးဆွဲရမယ်ဆို 0 & 1 calculation တွေပဲရှိတော့မှာမပာုတ်ပါဘူး။

လက်ရှိမှာ Quantum Computing Calculation Formula ရှိပါတယ်။ အထူးအစမ်းကြီးတော့မပာုတ်ပါဘူး။ Formula က Erik Lucero ရဲ့ 3 x 5 = 15 ပါ။ ဒီ 3 x 5 calculation က Quantum Computing ရဲ့ 50% တော့မှန်ကန်တယ်လို့ပြောထားပါတယ်။

ဒီတော့ Quantum Computers တွေကိုဘာအတွက်ကြောင့် Research တွေလုပ်နေကြတာလဲ။ Performance အပြင် Security ကြောင့်ပါ။ Quantum Computer ကနေအခုလုပ်ရှိ Computer တွေထက်အစပေါင်းများစွာရှုပ်ထွေးတဲ့ Encryption တွေပြုလုပ်နိုင်ပါတယ်။ Performance ကလဲဘယ်လောက်ထိကောင်းနိုင်သလဲဆို RSA Algorithm လို လက်ရှိ computer တွေနဲ့ နှစ်ထောင်နဲ့ချီ crack ရမှာကို နာရီပိုင်းနဲ့ပြီးနိုင်မယ်လို့ဆိုထားပါတယ်။

Quantum Computing မှာနောက်ပြသနာတစ်ခုရှိပါသေးတယ်။ အဲ့တာကတော့ Stability ပါ။ ပတ်၀န်းကျင်ကဖြစ်လာနိုင်တဲ့ vibration တွေကဒီ Quantum Computer ပေါ်မှာသက်ရောက်မှုတွေရှိပါတယ်။ ဒါကို Quantum Decoherence လို့ခေါ်ပါတယ်။ လက်ရှိမှာတွက်ထားကြတာကတော့ Quantum Computer တွေမလာခင်မှာ Molecular Computers တွေထွက်လာဖို့ရှိပါတယ်။ ဘာလို့လဲဆိုအခုလက်ရှိမှာ molecular transistor ဆိုတာရှိနေပါပြီ။ World's smallest molecular transistor ကတော့ Carbon atom ၁လုံးပဲပါတဲ့ molecular transistor ပါ။